Black Hat

Theme Blogspot version Blackhat Indonesia

Black Hat

Theme Blogspot version Blackhat Indonesia

Black Hat

Theme Blogspot version Blackhat Indonesia

Wednesday, October 2, 2013

Mozilla FireFox သုံးနေရင် ခဏခဏ ပိတ်သွားတက်တဲ့ Crash ပြသနာ

Mozilla FireFox သုံးနေရင် ခဏခဏ ပိတ်သွားတက်တဲ့ Crash ပြသနာ ကြောင့်အရမ်းကို စိတ်ညစ်ရတယ်. အဲ့ဒါတွေ က များသော အားဖြင့် ကျနော် တို့ ရဲ့ Add On တွေကြောင့်ပါ..အဲ့ဒီ ပြသနာ မျိုးကြုံတွေ့လာ ရင် Mozilla ကိုဖြုတ်ပြီး ပြန်တင် ဖို့မလို ပါ ဘူး...........အောက်ကနည်းလေးကိုသုံးလိုက်ပါ.. Start -> Run ကိုသွားပြီး အောက်က Command ကို ရိုက်ထည့်ပါ firefox -safe-mode အမှန်ခြစ် အားလုံး လုပ် ပြီး Make Changes and Restart ကို နှိပ်လိုက်ပါ......... မြေခွေး လေး အသစ်ဖြစ်သွားပါပြိ.........

မိမိကွန်ပြုတာသို့ မသမာနည်းဖြင့်ဝင်နိုင်သော ၀င်ပေါက်များ

ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက် လက်များ နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေးတာပါ ။ ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသောအားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာသာမကအစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။ ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများထဲမှ အမေရိကန် အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr . Max Bulter ပဲဖြစ်ပါတယ် 1. email & Password များ 2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ 3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ 4. Software များ၏ လိုင်စင် ကီးများ 5. နိုင်ငံတော် လျှို့ဝှက်ချက်များ 6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် ..ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့ သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင် တယ် ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ် အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရ တာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ 1.UNTRUSTED WEBSITE Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ ဗြောင်ဖြစ် သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ..ထိုသို့ ၀င်ရောက်မှု့ကို အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....ဖြစ်လာမည့် ကိစ္စတွေက ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊ ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ် ၊ ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ် နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ် ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ် ..ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များသေချာ စွာ ထည့်သွင်းအသုံးပြုထားပါက အတော်အတန် စိတ်ချရပါတယ် ...... မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ် .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် ..... သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် ..... 2.လင့်များ ကလစ်မိခြင်း ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့ လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ... ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက် ရှိပါတယ်Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ် သာလိုအပ်ပါတယ်။ တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါကပြင်းထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို အများဆုံးရောက်ရှိလာတာက ၀င်စာများပဲဖြစ်ပါတယ် ....Email ကနေ မရင်းနှီးတဲ့ သူတွေက ပုံပို့လိုက်တယ် ကြည့်ပါသင့်အတွက် e-card ပို့လိုက်တယ် ။ သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကိုသင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်ကလစ်နေ လျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။ ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန် ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတှဲ့Social Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား သူတို့ ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် .... Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ ... နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ...... သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။ 3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ် ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ... အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်ဂိတ်ပေါက်သာ ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကိုသတိထားရန်လိုအပ်ပါတယ် ............ သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။ ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ် 4. Software Key Gen များ နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေ ရာမှာလည်းKey Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ... အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ် ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် .. သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်း ဆုံးက မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။ 5. Desktop Gedgets များ (Widgets) ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊ နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Applications များပင်ဖြစ်ပါတယ် .... ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ... သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန် လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........ ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံ သည်လည်းနောင်တစ်ချိန် အင်တာနက် တွင် ဈေးဝယ်နိုင်သောကဒ်များ ပေါ်လာမည်မှာ မလွဲပါထိုသို့သော အချိန်အတွက် ကျွန်တော်တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအားထိန်းသိမ်း တတ် ရန် လိုအပ်ပါတယ် .... ကျွန်တော် နောက်ဆုံး အကြံပြုချင်တာက လိုင်စင်မပါသော Software များမှ တော်တော်များများသည် တရုတ် Hacker များထံမှ ဆင်သက်လာသော အရာများ ဖြစ်ပြီး ထိုအရာများတွင် ပါဝင်သော Key Gen များသည် သူတို့အတွက် လက်ဆော့နိုင်သော Phasing များဖြစ်ကြောင်း ကိုယ်တွေ သိရှိပြီး အသိပေးရုံမျှမက မည်သည့် အရာမဆိုလိုင်စင်နံပတ် ဖြင့်လည်ပတ်နေသော 3rd generation pattern ကာကွယ်မှု့ထားနေသည့် ယနေ့ နည်းပညာလောကတွင် အွန်လိုင်းပေါ်မှ အလကားရသော Software များသည် စိတ်ချရမှု့ ရာခိုင်းနှုန်းလွန်စွာနည်းပါကြောင်း အထူး သတိပေးရင်း တစ်နှစ်ပြည့် အင်တာနက်သုတ ဘလော့ အမှတ် 2 ကို အဆုံးသတ်ပါတယ် ။ (မှတ်ချက် ။ ။ စေတနာဖြင့် မျှဝေပေးသော မြန်မာဆိုဒ်များမှ Software များမပါ ) ဗဟုသုတဖြင့်ပြန်လည်မျှဝေခြင်းသာ......

The Tools and Apps I Used

IT Pros တွေ တစ်ယောက်နဲ့တစ်ယောက် ကျွမ်းကျင်မှု့နယ်ပယ်၊ နည်းပညာ၊ စိတ်ဝင်စားမှုတွေ မတူသလို အသုံးပြုတဲ့ Tool တွေ Application တွေလဲ တူမှာမဟုတ်ပါဘူး... တစ်ချို့ Tool တွေက သုံးရကောင်း မှန်းမသိလို့သာ၊ သုံးလိုက်ရင် အများကြီး ကိုယ့်အတွက် လွယ်ကူ လျှင်မြန်သွားတာတွေ တစ်ပုံကြီးပါ... ကျွန်တော် ဖတ်နေကြ Blog တစ်ခု ရဲ့ Author က သူသုံးနေကြ Apps တွေကို Share ပေးထာတာကို အားကျလို့ ကျွန်တော်သုံးနေတဲ့ Tool တွေနဲ့ App တွေကို ဒီနေရာမှာ Share လုပ်ချင်ပါတယ်... OS and Browser 1. Ubuntu Ubuntu Linux ဟာ ကျွန်တော့်ရဲ့ OS of Choice ပါ... တစ်ခြားကြီးကြီးကျယ်ကျယ်တွေထက်စာရင် အရာရာကို ကိုယ့်စိတ်ကြိုက် Configure လုပ်လို့ရနိုင်တဲ့အချက်ကြောင့် ကြိုက်တာပါ... Anti-Virus တွေနဲ့ နပန်းလုံးနေရတာတွေ၊ Crack တွေ Serial တွေ ရှာရတဲ့ ဒုက္ခတွေ၊ မရှိတဲ့အတွက် အများကြီး အဆင်ပြေပါတယ်... OS နဲ့ ကိုယ် တစ်သားထဲဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးပေးနိုင်ပါတယ်... Windows သုံးနေတဲ့ မိတ်ဆွေများ တစ်ခါတစ်လေ Windows က ကိုယ့်စကားနားမထောင်ပဲ လုပ်ချင်ရာလုပ်နေလို့ စိတ်ညစ်ရတာမျိုးကြုံဖူးရင် ပြောင်းသုံးပါလို့ တစ်ပါတည်း အကြံပေးချင်ပါတယ်... :P 2. Windows XP in VMWare Client ကိုယ် Develop လုပ်ထားတဲ့ Web Site တွေကို Cross Browser Compatibility နဲ့ပက်သက်ပြီး စမ်းတဲ့အခါ Internet Explorer နဲ့ အဆင်ပြေမပြေ စမ်းရတာမျိုးတွေ ရှိပါတယ်... အဲ့ဒီလိုစမ်းလို့ရဖို့အတွက် Windows XP ကို Ubuntu ထဲမှာပဲ VMWare နဲ့ တင်ထားပါတယ်... (ဂိမ်းဆော့ချင်တာလဲ ပါတာပေါ့) 3. Firefox Google Chrome ထွက်စက အတော်လေးသဘောကျမိပေမယ့် ရေရှည်မှာတော့ Firefox ကိုပဲ အဓိကသုံးဖြစ်ပါတယ်... သူ့ရဲ့ Address Bar က အတော်လေးကို အသုံးဝင်ပါတယ်... Google Chrome ရဲ့ Omnibox က ပိုကောင်းချင်ကောင်းပါလိမ့်မယ်... ဒါပေမယ့် Firefox မှာလို Plugins တွေစုံစုံလင်လင်မရှိတဲ့အတွက် Firefox ကိုပဲ သုံးဖြစ်ပါတယ်... Web Development 1. NetBeans IDE PHP Developer တစ်ယောက်အတွက် ရွေးချယ်စရာ IDE တွေ တောင်လိုပုံနေပါတယ်... Zend Studio, phpEdit, Eclipse PDT, Aptana, Netbeans စသဖြင့် စသဖြင့် အများကြီးရှိတဲ့အထဲက Netbeans ကို သုံးဖြစ်ပါတယ်... Cross Platform ဖြစ်တယ်၊ Open-Source ဖြစ်တယ်၊ ပြီးတော့ PHP support သာမက HTML, CSS, Javascript support တွေလဲ ကောင်းတဲ့အတွက် ကြိုက်တာပါ... Ruby on Rails အတွက်ဆိုရင်လဲ Ruby language သာမက Rails method တွေ template တွေထိ support လုပ်ပါတယ်... Discussion တစ်ခုမှာ Netbeans Features တွေအကြောင်း ပြောဖူးပါတယ်... 2. Gedit IDE သုံးတဲ့အတွက် အများကြီးအကျိုးရှိပေမယ့် အများအားဖြင့် Text Editor လေးတွေနဲ့တင် ပြီးသွားတဲ့ အလုပ်တွေလဲ တစ်ပုံကြီးရှိပါတယ်... Windows ပေါ်မှာဆိုရင် Notepad++ ကိုအဓိကသုံးဖြစ်ပြီး Ubuntu မှာတော့ OS နဲ့ တစ်ခါတည်းပါလာတဲ့ Gedit ကိုပဲ အဓိကသုံးဖြစ်ပါတယ်... Language ပေါင်းစုံ Support လုပ်တဲ့အပြင် Plugins တွေနဲ့ စိတ်ကြိုက် Configure လုပ်ထားလို့လဲ ရပါသေးတယ်... 3. Firefox Firefox က ကျွန်တော့်အတွက် Web Browser တစ်ခုသာမကပါဘူး... Development Tool တစ်ခုအနေနဲ့ပါ အသုံးဝင်ပါတယ်... Firebug, Web Developer Toolbar, Colorzilla, Abduction, Multi Proxy Switcher, User Agent Switcher, Live HTTP Header စတဲ့ Plugins တွေဟာ Web Development အတွက် နေ့စဉ်အသုံးပြုဖို့ မရှိမဖြစ်လိုအပ်တဲ့ Tool တွေပါ... Project Management & Source Control 1. Git အရင်က Source Control အတွက် Subversion သုံးပေမယ့် Git ထွက်လာတဲ့ နောက်ပိုင်းမှာ Git ပဲသုံးဖြစ်ပါတော့တယ်... Git ရဲ့ ကောင်းကွက်တွေ အများကြီးရှိပေမယ့် အဓိကသုံးဖြစ်တဲ့အကြောင်းက Distributed Version Control System ဖြစ်နေလို့ပါ... အလုပ်တွေကို ရုံးနဲ့ အိမ် အပြန်အလှန်သယ်ရတဲ့အတွက် Source Repository က တစ်ခါတည်း Project နဲ့ တွဲပါနေတာ အများကြီးပိုအဆင်ပြေလို့ပါ... 2. nbgit Netbeans အတွက် Git Plugin ပါ... nbgit ရှိတဲ့အတွက် တစ်ခြား UI တောင်မလိုတော့ပဲ Netbeans ကို Git UI အနေနဲ့ အသုံးပြုလို့ ရသွားပါတယ်... 3. Bluebug Bugzilla လို Eventum လို့ Powerful Bug Tracker တွေရှိပေမယ့် ရိုးရှင်းတာကိုပဲ ကြိုက်လို့ Bluebug ကိုပဲ Modify လုပ်ပြီး Bug Tracker အနေနဲ့ သုံးဖြစ်ပါတယ်... သိပ်ကြီးတဲ့ Team ကြီးနဲ့ အလုပ်လုပ်နေတာမဟုတ်လို့ ကိုယ့်အတွက် Bug List ကို Todo List သဘောမျိုးလေး မှတ်ထားနိုင်ရင် လုံလောက်တဲ့အတွက် Bluebug ဟာ ကျွန်တော့်အတွက်တော့ အတော်ပါပဲ... 4. Meld Team နဲ့အလုပ်လုပ်တဲ့အခါ Developer တွေရဲ့ Code တွေကို Source Control ထဲ Merging လုပ်တဲ့အခါ အချိန်တော်တော်များများ Conflict ဖြစ်နေလို့ Manuel Merge လုပ်ဖို့ လိုအပ်ပါတယ်... အဲ့ဒီလို Code Merging လုပ်ဖို့အတွက် Diff Viewer Tool အနေနဲ့ Meld ကို သုံးပါတယ်... Windows ပေါ်မှာ WinMerge သုံးပေမယ့် Meld က WinMerge ထက် အများကြီး ပိုကောင်းပါတယ်... 5. Selenium IDE Unit Testing ကို အထူးအလေးအနက်ထားပြီး မလုပ်ဖြစ်ပေမယ့် Selenium IDE ကိုတော့ Functional Test Tool အနေနဲ့ အသုံးပြုဖြစ်ပါတယ်... Communication 1. Gmail ဒါတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး... သူများနိုင်ငံတွေတော့မသိဘူး ကျွန်တော်တို့ဆီမှာတော့ Email ဆိုရင် Gmail ကိုပြောတာလို့ ပြောရမလို စံတစ်ခု ဖြစ်နေပါပြီ... :) 2. Pidgin Gtalk က Linux version မရှိတဲ့အတွက် IM Client အနေနဲ့ Pidgin ကိုပဲ သုံးပါတယ်... အခုလက်ရှိသုံးနေတဲ့ Ubuntu 9.10 Alpha 5 ရဲ့ Default IM Client က Empathy ပါ... ဒါပေမယ့် သုံးနေမကျလို့ သိပ်မကြိုက်ပါဘူး... Pidgin ပဲ ဆက်သုံးဖြစ်နေပါတယ်... Empathy က Pidgin ထက် Voice မှာ ပိုအဆင်ပြေတဲ့အတွက် နောက်ပိုင်းတော့ ပြောင်းသုံးဖြစ်မယ် ထင်ပါတယ်... Information Source 1. Google Search အခုခေတ်မှာ Programmer တွေအနေနဲ့ အရာရာကို အလွတ်မှတ်ထားဖို့ မလိုတော့ပါဘူး... နည်းပညာအခက်အခဲ တစ်ခုခုရှိလာရင်လဲ Reference Book ကြီးတွေ ပြန်လှန်နေရမယ့် ခေတ်လဲ မဟုတ်တော့ပါဘူး... Google Search ရှိပါတယ်... တစ်ခုခုဆို ကောက် ရှာလိုက်ယုံပါပဲ... Google ကို အားကိုးလွန်းလို့ အခုဆိုရင် Google မရှိပဲအလုပ်မလုပ်တက်တော့လောက်အောင် ဖြစ်နေပါပြီ... 2. Google Reader တစ်နေ့တစ်နေ့ ဖတ်ချင်တဲ့သတင်းတွေ၊ Blog တွေ၊ တစ်ခြား နည်းပညာအကြောင်းတွေ အများကြီးပါ... အဲ့ဒါတွေကို တစ် Site ချင်းသာလိုက်ဖတ်နေရရင် တစ်နေ့တစ်နေ့ အလုပ်လုပ်ချိန်တောင် ကျန်မှာမဟုတ်ပါဘူး... ကြည့်နေကြ Site တွေကို Google Reader နဲ့ Subscribe လုပ်ထားလိုက်တော့ အချိန်နဲ့တစ်ပြေးညီ တစ်နေရာထဲတင် အကုန်လုံးကို ကြည့်လို့ရပါပြီ... 3. Stackoverflow တစ်ခါတစ်လေ Programming နဲ့ပက်သက်တဲ့ ပြဿနာတစ်ခုကို စဉ်းစားတာလဲ ခေါင်းချောက်နေပြီ၊ Google မှာရှာတာလဲ အဆင်မပြေဘူးဆိုရင် Stackoverflow မှာ မေးလိုက်တာပါပဲ... Expert တွေ မိနစ်မဆိုင်း ပြန်ဖြေးပေးကြတော့ အတော် အဆင်ပြေပါတယ်... 4. Myanmar IT Pros မြန်မာအိုင်တီပရိုကနေလဲ တစ်ခုခုတော့ ရနေပါတယ်... ဘာတွေရနေလဲတော့ မပြောတက်ပါဘူး... ဘာတွေရနေမှန်း ကိုယ့်ဟာကို မသိလို့ပါ... :D Entertainment 1. Amarok Ubuntu မှာ Desktop Manager အဖြစ် Gnome ကိုအဓိကသုံးပေမယ့် သီချင်းနားထောင်ဖို့အတွက်တော့ KDE application ဖြစ်တဲ့ Amarok ကိုပဲကြိုက်ပါတယ်... Play list management လုပ်လို့ကောင်းပြီး preset equalizer တွေပါလို့ပါ... 2. Football Manager 2009 (game) ကျွန်တော်က ဘောလုံးပွဲကြိုက်သလို Manager Game ဆော့ရတာလဲ ကြိုက်ပါတယ်... FM က တစ်ခြား Manager တွေလိုမဟုတ်ပဲ Game Play ထက် သဘာဝကျဖို့ကို အဓိကထားလို့ ကြိုက်ပါတယ်... မိနစ် ၉၀ အပြည့်ပွဲတွေကို အပြင်မှာလို ကြည့်ရပြီး ကစားသမား Database ကလဲ မြန်မာနိုင်ငံက စိုးမြတ်မင်းတို့ အောင်အောင်ဦးတို့အထိပါအောင် ပြည့်စုံလို့ ဘောလုံးသမားတစ်ယောက်အကြောင်းသိချင်ရင် Google မှာ မရှာပါဘူး... FM ထဲမှာရှာလိုက်တာပါပဲ... 3. WarCraft (DotA - game) DotA ကတော့ သိပ် Popular ဖြစ်နေတဲ့ ဂိမ်းဖြစ်သလို ကျွန်တော်လဲ ကြိုက်ပါတယ်... ဒါပေမယ့် ဂိမ်းဆိုင်မှာ အများနဲ့ သွားဆော့ရလောက်အောင် အချိန်မရတော့ တစ်ယောက်ထဲ AI တွေနဲ့ပဲ ဆော့ရတာများပါတယ်... မြန်မာနိုင်ငံရဲ့ အင်တာနက် ဒီထက်ကောင်းလာတော့မှာ Online မှာပဲ ဆော့ပါတော့မယ်... :) (Hero & Developer ကိုဖတ်ကြည့်ဖို့ ကြုံတုန်း တိုက်တွန်းချင်ပါတယ်) အမြဲလေစားလျက်...CrackerHunter Credit by:ကိုလင်း(သလ္ထာဝတီ)

Thursday, September 26, 2013

ဟတ်ကာအခြေခံ

ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး။ တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံး အခြေအနေအထိကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်။ တကယ့် ဟက်ကာ အစစ်တွေ က သူတို့ကိုယ်သူတို့ ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်။ security တွေကို ချိုးဖောက်ကျော် လွန်ပြီး ၀င်ရောက်နိုင်ရုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး။ ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ့စာလုံးကို သုံးပြီးတော့ပဲ အဲဒီ ခရက် ကာတွေအကြောင်းကိုတွင်တွင်ကြီး ဖော်ပြနေတော့တာပါပဲ။ အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်။ သူတို့ကြားက အခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ် အများစုနားလည် ထားကြသလိုပါပဲ။ Hackers build things, Crackers break them ပဲဖြစ်ပါတယ်။ ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါတယ်။ ပြသနာတွေကိုဖြေရှင်းပြီး အသစ် အသစ်တွေ ဖန်တီးတဲ့၊ တည်ဆောက်တဲ့ သူတွေမှသာ ဟက်ကာတွေပါ။ အင်တာနက်ကို ဖန်တီးခဲ့တဲ့သူတွေ၊ Operating System ကိုဖန်တီးခဲ့တဲ့သူတွေ၊ world wide web ကိုသက်ဝင် လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက် ကာတွေပေါ့။ ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုး တွေပါ။ ဟက်ကာဖြစ် ချင်ရင် အဲဒီစိတ်ဓာတ်မျိုး ရှိဖို့လိုပါပြီ။ တကယ်ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့။ ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကို အတုခိုး ရမှာပေါ့။ ပညာရပ်ပိုင်းမှာသာမကဘဲ စိတ်ပိုင်း ဆိုင်ရာ လည်း လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့ကမ္ဘာကြီး ဟာ ဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့ စိတ်ဝင်စားစရာပြဿ နာတွေ နဲ့ နေ့တိုင်းပြည့်နှက်နေပါတယ်။ ဟက်ကာဖြစ် ဖို့အတွက် ပြသနာတွေဖြေရှင်းရခြင်းအပေါ် ပီတိဖြစ်တတ်ရ မယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း ချွှန်မြနေအောင် သွေးနေရမယ်။ ကိုယ့်ပညာကို အမြဲတမ်း လေ့လာနေရပါမယ်။ သင်တစ်ခုခုလုပ်တဲ့ အခါမှာဖြစ်ဖြစ်၊ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုတော့ ထားရှိဖို့လိုပါလိမ့်မယ်။ ပြသနာတစ်ခုကို ဖြေရှင်းတော့မယ် ဆိုရင် အဲဒါနဲ့ ပတ်သက်ပြီး အားလုံးကိုသင်သိထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းတော့ သင်သိထားရပါလိမ့်မယ်။ အဲဒီ တစ်စိတ်တစ်ပိုင်း လေးကနေ ဆက်ပြီးလေ့လာရင်း၊ လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်း ပိုမိုနားလည်လာ ကာ နောက်ဆုံးမှာတော့ အောင်မြင်သွားမှာပါ။ Hacking အတွက် လိုအပ်ချက်များ (သို့) လေ့လာသင့် သည် များ ဟက်ကာတွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်။ သူတို့အပေါ် အာဏာလာပြတာ ကို ယေဘုယျ အားဖြင့်မနှစ်သက်ကြပါဘူး။ ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်။ သူတို့က အတူတကွပူးပေါင်း လုပ်ဆောင်ရတာ ကို နှစ်သက်ကြတဲ့ သူတွေပါ။ အဲဒီစိတ်ထားမျိုးလေးလည်း ရှိရပါမယ်။ အထက်က စိတ်ထားမျိုးတွေ၊ အမူအကျင့်တွေ ရှိပြီးရင်တောင်မှ ဟက်ကာ မဖြစ်သေးပြန်ပါဘူး။ ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာ အာရုံ စူး စိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။ Attitude တွေက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်က သင့်ကို ဟက်ကာ တစ်ယောက်လို့ ခေါ်စေဖို့ ၊ သက်မှတ်လာစေဖို့ အတွက် သင်လုပ်ရဦးမယ့်အခြေခံအကြောင်းအရာလေးတွေပြော ချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါက ဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိဘဲနဲ့တော့ ဘယ်လို ဟက်ကာဖြစ်ပါ့မလဲ။ ဘာ language မှ မတတ်သေး ဘူးဆိုရင် Python ကို စလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့ သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် အသင့်တော်ဆုံးဖြစ်သလို powerful လည်းဖြစ်ပါ တယ်။ ပရောဂျက်ကြီးကြီးမားမားတွေကိုလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ၊ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ C ပါ။ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင် တစ်ခုခုကို ကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင် လွယ်တယ်လို့ မရှိပါဘူး။ ဟက်ကာတွေအတွက်အရေးကြီးတဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်တတ်ဖို့တော့လိုပါလိမ့်မယ်။တကယ်တော့ အားလုံးလေ့လာထားတာ အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချဉ်းကပ်ကြည့်တာပေါ့ ။အဲဒါအားလုံးက သင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ရုံနဲ့ လည်း မဖြစ်သေးပါဘူး။ Language တွေအပေါ်မှာ မှီခိုမှုမရှိဘဲ ပြသနာတွေအပေါ်မှာ စဉ်းစားနိုင်ဖို့ လည်းလို ပါသေးတယ်။ သိပြီးသား concept တွေကို ဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကို အသစ်ထပ်လေ့ လာရင် ရက်အနည်းငယ်လောက်နဲ့ နားလည်နိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှ language တွေအားလုံး တတ်မြောက်ထားတယ်ပေါ့။ ရက်အနည်းငယ်နဲ့ တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲ။ programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာ ခက်ခဲ့ပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ open source နဲပါတ် သက်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင် အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes၊ ဒါမှ မဟုတ်ရင်လည်း OpenSolaris တစ်ခုခုကို သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော် သင်က Windows က ဘာဖြစ်လို့လဲလို့မေးတယ်လား။ သူက binary တွေနဲ့ distribute လုပ်ထားတာလေ။ Code တွေမှ ဖတ်လို့မရတာ။ ပြင်လို့လည်းမရဘူးလေ။ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာရမယ်ဆိုရင် အလွယ်ကူဆုံး အနေနဲ့ Linux ကိုသာ ကောက်ကိုင်လိုက်စမ်းပါ။ မပူပါနဲ့ ။ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့ လည်း တွဲတင်ထားလို့ရပါတယ်။ ကဲ အခုချက်ချင်း Learn it , Run it နော်။ ကလိတော့နော်။ အင်တာနက် ကို လည်း အပီ မွှေနှောက်တော့နော်။ အသိပညာ ဗဟုသုတအသစ်တွေကို အရသာ ခံပြီးတော့ လေ့လာ သင်ယူ လိုက်စမ်းပါ။ Beginner တွေအတွက် အသင့်တော် ဆုံးက Ubuntu ဖြစ်လာနေပြီ။ ကြုံတွေ့ရ မယ့် ပြသနာတွေ အတွက်လည်း မပူပါနဲ့။ သင့်ကိုကူညီ မယ့်သူတွေ အများကြီးရှိနေတယ်လေ။ ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုက World Wide Web ကြီးပဲ ဖြစ်ပါတယ်။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်။ HTML ရေးတတ်ဖို့တော့ အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကို စလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေ ရစေပါတယ်။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီကို ကူးကြည့်။ ဒါလောက်နဲ့တော့ ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခု ရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့ စကားလုံးနဲ့ သင်နဲ့ အဝေးကြီး ကျန်ပါသေးတယ်။ ဘာလို့လဲဆိုတော့ Web ပေါ်မှာ website တွေ များ လွန်း လို့။ ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ၊ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကို ကောင်းကောင်းထည့်ရမယ်။ စိတ်ဝင်စားစရာကောင်းအောင် ရေးရမယ်။ ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ။ သင့်ရဲ့ English စာ တတ်မြောက်မှုအဆင့်အတန်းက စကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲ လွမ်းမိုးထားဆဲဖြစ်ပါတယ်။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့ အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာ အမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာ အဆင်ပြေ တာများပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တ ကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာ ပါလာမယ့် comment တွေ ကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာဟာ သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက်တောင်မှ တစ်ခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိထားရပါမယ်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး၊ သတ်ပုံအမှားကလည်း များမှများဆိုရင် ဘယ်ဟက်ကာကမှ သင့်ရေးတာကို ဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ။ Hacking ယဉ်ကျေးမှု Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကို သင် ကဖြေ ရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်း အသင်းတွေ၊ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ် ထားတာဆိုရင် အဲဒါက သံသယဖြစ်စရာ ကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကို အခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့ တခြားသူတွေကို ကူညီ ဖို့လိုပါတယ်။ Open Source Software တွေ ရေးကိုရေးရပါမယ်။ အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီး ရင်လည်း တခြား ဟက်ကာတွေ၊ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ Soruce တွေကို ချပြရ ပါမယ်။ အဲဒီ Software မျိုးကို လူတွေက Free Software လို့ခေါ်တတ်ကြပါတယ်။ တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းမှတ်တမ်းထဲမှာတော့ 1996 ခုနှစ်ပိုင်း လောက်အထိ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 ခုနှစ် နောက်ပိုင်းကျမှ ဒီ Culture က ပြောင်းလဲလာတာလို့ ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ် ရင်တော့ ကူညီရေးသားခြင်းကနေ အစပြုသင့်ပါတယ်။ သင်စိတ်ဝင်စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကို ကူညီစမ်းသပ်ပေးမယ်။ ကူညီပြီး အမှားရှာပေးမယ်။ ကူညီပြီး modify လုပ်ပေးမယ်၊ အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီး သင်သိလာပါလိမ့်မယ်။ နောက်တစ်ခု အရေးကြီးသေး တာက ဥပမာ FAQs လိုဟာမျိုးတွေ သင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကို လူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ ရှိလေ့မရှိပါဘူး။ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစား ပေးပါတယ်။ Hacker Mindset (သို့) Hacker တစ်ယောက်ရဲ့ အမူအကျင့်များ အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင် စွာ ရေး သားပြောဆိုနိုင်ရပါမယ်။ ဟက်ကာ တွေဟာ စာအရေးအသား အင်မတန်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ကရာတေး၊ တိုက်ကွန်ဒို၊ ကွန်ဖူးတွေလေ။ သေနတ်ပစ် တာလည်း ကောင်းပါတယ်။ တေးဂီတကိုလည်း ခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကို တီးတတ် ရင် ကောင်းပါတယ်။ ဒါတွေက အရမ်းကြီး အရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ဟက်ကာအများစုဟာ အများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာ လည်း ကျွမ်းကျင်သူတွေပါ။ System Administration, web design ၊ ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလည်း Skill ကောင်းကောင်း ရှိပါတယ်။ ဒါပေမယ့် သူတို့တွေ က ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်။ သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ဒါဆိုရင်တော့ Hacking အကြောင်းက တော်တော် ပြည့်စုံနေပြီလို့ထင်ပါတယ်။ သင်တို့အနေနဲ့လည်း ဟက်ကာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အဓိကက အမှန်အကန် ဟက်ကာ တစ်ယောက် လို ကျင့်ကြံဖို့ရယ်၊ အများကို ပြန်လည်မျှဝေမှသာလျှင် လူတကာလေးစား အားကျရတဲ့ ဟက်ကာ တစ်ယောက်ဖြစ်လာမယ် ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။ အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် .. Cracker_Hunter

Tuesday, September 24, 2013

များစွာအန္တရာယ်ပေးသော Binary Code များ

၁. Notepad ကိုဖွင့်ပါ။
၂. အောက်ဖော်ပြပါ code များကိုကူးထည့်ပါ။
၃. Save လုပ်မည့်အခါတွင် .exe ဖိုင်အနေဖြင့် save လုပ်ပါ။

- Hard disk ကိုဖျက်ဆီးနိုင်သည့် Code
01001011000111110010010101010101010000011111100000

- C: Partition ကို Format လုပ်နိုင်သည့် Code
01100110011011110111001001101101011000010111010000 100000011000110011101001011100001000000 01011110101 00010010111101011000

- D: Partition ကို Format လုပ်နိုင်သည့် Code
01100110011011110111001001101101011000010111010000 100000011000010011101001011100001000000 01011110101 00010010111101011000

- A: Partition ကို Format လုပ်နိုင်သည့် Code
01100110011011110111001001101101011000010111010000 100000011000010011101001011100001000000 01011110101 00010010111101011000

- Boot Failure ဖြစ်နိုင်သည့် Code
0110010001100101011011000010000000101111010001100010111101010011001011110
1010001001000000110001100111010010111000110001001101111011011110111010000

101110011010010110111001101001